ထွဋ် ဓမ္မပူဇာ ဘုရားရှိးခိုး အမျိုးမျိုး မိုဘိုင်းလ် အက်ပလီကေးရှင်း


HTUT Media မှနေ မြန်မာလူမျိုးများ ဗုဒ္ဓဘာသာဝင်များ အတွက် ထွဋ် ဓမ္မပူဇာ ဘုရားရှိးခိုး အမျိုးမျိုးကို နေ့စဉ် ဘုရားရှိးခိုး အမျိုးမျိူး မိုဘိုင်း အက်ပလီကေးရှင်းကို ထုတ်ဝေလိုက်ပါတယ်။ ထွဋ် ဓမ္မပူဇာ ဘုရားရှိးခိုးအမျိုးမျိုး မိုဘိုင်း အက်ပလီကေးရှင်းတွင် ပါဠိဘာသာ ကို မြန်မာ အသံထွက် ဖေါ်ပြပေးထားသောကြောင့် အလွန် အသုံးဝင်မယ့် အက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။

မာတိကာ


ထွဋ် ဓမ္မပူဇာ ဘုရားရှိးခိုးအမျိုးမျိုး မိုဘိုင်း အက်ပလီကေးရှင်းတွင် ပါဠိဘာသာ ကို မြန်မာ အသံထွက် ဖေါ်ပြပေးထားသောကြောင့် အလွန် အသုံးဝင်မယ့် အက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။

ဘုရားကန်တော့ခန်း


ဩကာသ၊ ဩကာသ၊ ဩကာသ ၊ ကာယကံ ၊ ဝစီကံ ၊ မနောကံ တည်းဟူသော အပြစ်ခပ်သိမ်း ၊ ပပျောက် ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေး ကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ပထမ , ဒုတိယ , တတိယ ၊ တစ်ကြိမ် , နှစ်ကြိမ် , သုံးကြိမ်မြောက်အောင် အပြစ်ခပ်သိမ်း ၊ ပပျောက် ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး၊ ရန်ဘေး ကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ၊ ရတနာ မြတ်သုံးပါး ( ဆရာသမား) တို့ကို၊ အရိုအသေ ၊ လက်အုပ်မိုး၍ ၊ ရှိခိုးပူဇော်၊ ဖူးမြော်မာန်လျှော့ ၊ ကန်တော့ပါ၏ အရှင်ဘုရား။ (ဆုပေးမည့် ပုဂ္ဂိုလ် ရှိလျှင် ဤတွင် ရပ်ပါ။ ဆုပေးမည့် ပုဂ္ဂိုလ် မရှိလျှင် အောက်ပါအတိုင်း ဆက်ဆုတောင်းပါ။ )

ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး ၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိ တရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး၊ မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့် နှစ်ပါး တို့မှ အခါခပ်သိမ်း၊ ကင်းလွတ် ငြိမ်းသည်သာ ဖြစ်၍ မဂ်တရား ၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတော် မြတ်ကို လျှင်မြန်စွာ ရလိုပါ၏ အရှင်ဘုရား။

Avatar

ပရိတ်ကြီး (၁၁) သုတ်


Avatar

နေ့အလိုက် ပရိတ်ရွတ်ဖတ်ခဲ့ကြပုံ အသင်းအဖွဲ့ဖြင့် ရွတ်သူများအနေဖြင့် ညှိနှိုင်း၍ ရွတ်ဆိုကြရန် ဖြစ်ပြီး တစ်ဦးချင်း ရွတ်ဆို သူများ အနေဖြင့် နေ့အလိုက် ရွတ်ဆိုမည် ဆိုပါက -
၁။ တနင်္ဂနွေနေ့တွင် - သမန္တာမှ စ၍ မင်္ဂလသုတ် အကုန်အထိ။
၂။ တနင်္လာနေ့တွင် - ရတနသုတ်၊
၃။ အင်္ဂါနေ့တွင် - မေတ္တသုတ်၊
၄။ ဗုဒ္ဓဟူးနေ့တွင် - ခန္ဓသုတ်၊ မောရသုတ်၊ ဝဋသုတ်၊
၅။ ကြာသပတေး နေ့တွင် - ဓဇဂ္ဂသုတ်၊
၆။ သောကြာနေ့တွင် - အာဋာနာဋိယသုတ်၊
၇။ စနေနေ့တွင် - အင်္ဂလိမာလသုတ်၊ ဗောဇ္ဈင်သုတ်၊ ပုဗ္ဗဏှသုတ်။
ပရိတ်တော်များကို နေ့အလိုက် ရွတ်ဆို ပြီးတိုင်း မေတ္တာပို့ရမည်။ အမျှပေးဝေရမည် ဖြစ်ပါသည်။
သို့သော် ဗုဒ္ဓ၏ ဒေသနာတော်များသည် ဘယ်နေ့ ဘယ်အချိန် ရွတ်ရွတ် ရွတ်ဖတ်ကောင်းသည်သာ ဖြစ်ပါသည်။ မိမိတို့၏ သဒ္ဓါနှင့် သီလ အားကောင်းမှု ပေါ်တွင် အခြေခံ၍ လောကီလောကုတ် ကောင်းကျိုးချမ်းသာများ ရရှိမည် ဖြစ်ပါသည်။

၂၄ ပစ္စည်းမဟာ ပဋ္ဌာန်းပါဠိတော်


ဤ (၂၄) ပစ္စည်းကို နေ့စဉ် နေ့တိုင်း ပွားများ ရသော အကျိုးအားကြောင့် ကောင်းကျိုးလိုရာ ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံ ရပါစေသား။


ဟေတုပစ္စယော
အာရမ္မဏပစ္စယော
အဓိပတိပစ္စယော
အနန္တရပစ္စယော
သမနန္တရပစ္စယော
သဟဇာတပစ္စယော
အညမညပစ္စယော
နိဿယပစ္စယော
ဥပနိဿယပစ္စယော
ပုရေဇာတပစ္စယော
ပစ္ဆာဇာတပစ္စယော
အာသေဝနပစ္စယော
ကမ္မပစ္စယော
ဝိပါကပစ္စယော
အာဟာရပစ္စယော
ဣန္ဒြိယပစ္စယော
ဈာနပစ္စယော
မဂ္ဂပစ္စယော
သမ္ပယုတ္တပစ္စယော
ဝိပ္ပယုတ္တပစ္စယော
အတ္ထိပစ္စယော
နတ္ထိပစ္စယော
ဝိဂတပစ္စယော
အဝိဂတပစ္စယော

Avatar

ပဋ္ဌာန်းပါဠိတော် အကျယ် နှင့် အသံထွက်


Avatar

ပဋ္ဌာန်းဒေသနာတော်၏ ဥဒ္ဒေသ၊ နိဒ္ဒေသတို့ကို ရွတ်ဆိုသဖြင့် ရရှိနိုင်သည့် အကျိုးများကိုလည်း မိမိ ဖတ်ဖူးသည်တို့ကို ပြန်လည် သတိရမိပါသည်။

(၁) ရင်ဆိုင် တွေ့ကြုံနေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း၊
(၂) ကျရောက်လတ္တံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း၊
(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း၊
(၄) အပြစ်ရှိ၍ မကောင်းကျိုးဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း၊
(၅) ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း၊
(၆) အဆုံးစွန်သော ဘဝ၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း၊

ဓမ္မစကြာပါဠိတော်


ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေ့ဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့ပါသည်။ ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိပါသည်။ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဌကထာဆရာကြီးများက ညွှန်းဆိုကြပါသည်။ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပါယ်ရပါသည်။

Avatar

ဓရဏ ပရိတ်တော်


Avatar

ဂေါတမ မြတ်စွာဘုရားသည် ညီတော် အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။

ဓာရဏ ပရိတ်တော်တွင် ဝိပဿ ီ သိခီ၊ ဝေဿ ဘူ၊ ကကုသန်၊ ……ကောဏာဂုံ၊ ကဿ ပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဂုဏ်တော် ကျေ းဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါ သတည်း။

ဂုဏ်တော်ကွန်ချာ


တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ ၏ ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ


၁။သော ဘဂဝါ ဣတိပိ အရဟံ၊
အရဟံ ဝတ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ဝဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ အရဟံ။

၂။သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ဝတ သော ဘဂဝါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ဝဇီရပါကာရော၊
သော ဘဂဝါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။...

Avatar

ဂုဏ်တော် ဂါထာများ


Avatar

ဘုရား ဂုဏ်တော် ကိုးပါး

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော် မူသော မြတ်စွာ ဘုရား ။ ၂။ သမ္မာ သမ္ဗုဒ္ဓေါ = သိစရာ မှန်သမျှ တစ်စမကျန် သယမ္ဘူဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာ ဘုရား။ ၃။ ဝိဇ္ဇာစရဏ သမ္ပန္နော = အသိတရား၊ အကျင့်တရားတို့နှင့် ပြည့်စုံတော် မူသော မြတ်စွာ ဘုရား၊ ( ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာ ရှစ်ပါး ၊စရဏ တရား တစ်ဆယ့်ငါးပါး တို့နှင့် ပြည့်စုံတော် မူသော မြတ်စွာ ဘုရား။ ၄။ သုဂတော = ကျိုးရှိ ဟုတ်မှန်၊ နှစ်တန်သော စကားကို မိန့်ကြားတော် မှုတတ်သော မြတ်စွာ ဘုရား၊ (ဝါ) ကျိုးရှိ ဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသော စကား ဤနှစ်ပါးကိုသာ မိန့်ကြားတော် မူတတ်သော မြတ်စွာဘုရား။ ၅။ လောကဝိဒူ = သတ္တလောက ဩကာသ လောက ၊ သင်္ခါရ လောက တည်းဟူသော ၊လောက သုံးခွင်ကို အကုန် အစင် သိမြင်တော် မူသော မြတ်စွာ ဘုရား၊။ ၆။ အနုတ္တရော ပုရိသ ဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလာအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော် မူသော မြတ်စွာ ဘုရား။ ၇။ သတ္ထာဒေ၀ မနုဿနံ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ဆရာ တစ်ဆူ အစစ် ဖြစ်တော်မူသော မြတ်စွာ ဘုရား။ ၈။ ဗုဒ္ဓေါ = သစ္စာ လေးပါး၊ အမှန်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော် မူသော မြတ်စွာ ဘုရား (ဝါ) သစ္စာ လေးအင် ကိုတာ မြင်၍ များဖြင် ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာ ဘုရား။ ၉။ ဘဂဝါ = ဣဿရိယ စသည် ဘုန်းခြောက်လီနှင့် စုံညီ ပြည့်ဝတော် မူသော မြတ်စွာ ဘုရား။

မေတ္တာပို့ အမျှ ဝေ အမျိုးမျိုး


ဤသို့လျှင် သုံးလောက ထွတ်ထား သဗ္ဗညု ရှင်တော် မြတ်ဘုရာ၏ ဘုန်းတော် ၊ ဂုဏ်တော်၊ တန်ခိုးတော်နှင့် ဉာဏ်တော် အဖုံဖုံ ကျေးဇူးဂုဏ်ကို ကြည်ယုံမျှော်မှန်း လှူဒါန်း ဆက်ကပ်ရသော ဤဒါန ကောင်းမှု၊ ဆောက်တည်ရသော သီလ ကောင်းမှု၊ ပွားများရသော ဘာဝနာ ကောင်းမှု အစုစု တို့ကြောင့် တပည့်တော် (တို့)သည် ပညာရှိ သူတော်ကောင်း တို့နှင့်သာ တွေ့ကြုံဆုံဆည်း ပေါင်းသင်း ဆက်ဆံ ရ၍ ပညာရှိ သူတော်ကောင်းတို့ ဟောပြောသော တရားမှန် စကားမှန်တို့ ကို နာခံ မှတ်သားရသဖြင့် ပညာရှိ သူတော်ကောင်းတို့ ကျင့်ကြံနေထိုင် ကြသည့် အတိုင်း ဆင်းရဲ ငြိမ်းကြောင်း အကျင့်ကောင်း အကျင့်မှန် တို့ကို ကျင့်ကြံ ပွားများ ကြိုစား အားထုတ် နိုင်(ကြ) သဖြင့် ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်းရာ မြတ်နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက် ပြုရ ပါလို (ကုန်) ၏ အရှင်ဘုရား။

ဤကောင်းမှု အစုစု၏ အဖို့ဘာဂကို မိဘဘိုးဘွား ဆရာသမားတို့မှ စ၍ အလုံးစုံသော သတ္တဝါတို့အား အမျှပေးေ၀ ပါကုန်၏ ။ အမျှရ၍ ချမ်းသာ ကြပါစေ။

အမျှ     အမျှ    အမျှ ယူတော်မူ ကြပါကုန်လော့။
သာဓု၊     သာဓု၊     သာဓု ။

Avatar

ထွဋ် ဓမ္မပူဇာ မိုဘိုင်းလ် အက်ပလီကေးရှင်း ဒေါင်းလုတ်ရယူရန်...


ထွဋ် ဓမ္မပူဇာ မိုဘိုင်းလ် အက်ပလီကေးရှင်း ဒေါင်းလုတ်ရယူရန်...


Htut Company

HTUT was founded with investment, manpower, professional experts & to develop every sector in Economics, Social warfare, Education, Health, etc.




Contact

Building C, Room 201, Tha Zin Min Housing, Thingungyun Tsp, Yangon, Myanmar

www.htut.com

09 73124999


© 2019 Copyright: htut.com